Main menu

မင်္ဂလာတောင်ညွန့်မြို့နယ်၊ City Mart သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော်(စစ်ဆေးရေးအရာရှိ)နှင့်ဝန်ထမ်းများသည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့ဖြင့် ပူးပေါင်း၍ မင်္ဂလာတောင်ညွန့်မြို့နယ်၊ City Mart သို့(၁၀-၉-၂၀၂၅) ရက်နေ့ ၊ နေ့လည် (၁၅:၃၀)နာရီအချိန် တွင်သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ City Mart တွင်ရောင်းချလျက်ရှိသော ထိုင်းနိုင်ငံ ထုတ်ကုန်ပစ္စည်းများ၏ ယခင်အပတ်၊ ယခုအပတ်တွင် ရောင်းချနေသောဈေးနှုန်းများ ကောက်ခံ ခြင်းနှင့် စစ်ဆေးရေးအရာရှိက  စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)တွင်ပါရှိသည့် ကုန် အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီမှုရှိသော ကုန်စည်များဖြန့်ဖြူးရောင်းချခြင်း ရှိ/ မရှိ ၊ ဥပဒေပါ အခန်း(၁၁)ရှိ ကုန်စည်နှင့်ပတ်သက်၍ အာမခံချက်ပေးခြင်းနှင့်အခန်း(၁၇)ပါ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့်စပ်လျဉ်း၍ ‌ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)