
မန္တလေးစျေးကွက်အတွင်းသို့ မှိုအမျိုးမျိုးဝင်ရောက်လျက်ရှိပြီး၊ တွေ့ရှိမှုများသော အမျိုးအစားများမှာ ငွေနှင်းမှုံမှို၊ ကောက်ရိုးမှို၊ အပ်မှို၊ မှိုကြက်တောင်၊ ရှီတာကီမှို၊ တောင်ပို့မှို၊ ဝါးမှိုများ ဖြစ်ပါကြောင်း သိရပါသည်။၂၀၂၅ခုနှစ်စက်တင်ဘာလဒုတိယပတ်အတွင်း မှိုအမျိုးအစားအလိုက် ဖြစ်ပေါ်ခဲ့သည့် စျေးများမှာ ငွေနှင်းမှုံမှို တစ်ပိဿာလျှင် လက္ကားစျေး ၇၀၀ဝိ/-စျေး၊လက်လီစျေး ၈၀၀ဝိ/-နှင့်၉၀၀ဝိ/-၊ကောက်ရိုးမှိုတစ်ပိဿာလျှင်လက္ကားစျေး ၉၅၀ဝိ/-၊လက်လီစျေး၁၀၅၀ဝိ/- နှင့် ၁၁၀၀ဝ/-၊ အပ်မှိုထုတ် (အထုတ်သေး ၁၀ ခုပါ) လက္ကားစျေး ၃၀၀၀ဝိ/- နှင့်လက်လီ စျေး အထုတ်(သေး)တစ်ထုတ်လျှင် ၃၅၀ဝိ/- စျေး၊တောင်ပိုမှို လက္ကားစျေး ၃၀၀၀၀ ကျပ်နှင့် ၃၅၀၀၀ ကျပ်၊လက်လီစျေး ၄၀၀၀၀ကျပ်စျေးအသီးသီး ဖြစ်ပေါ်လျက်ရှိကြောင်း၊ မိုးရာသီစာမှိုမှာ မန္တလေးစျေးကွက်အတွင်း အရောင်းသွက်လျက်ရှိကြောင်း ရေနီမြောင်းစျေးမှ သိရှိရပါသည်။
DOCA(မန္တလေး)