Main menu

“ပြင်ဦးလွင် မြို့မဈေးအတွင်းရှိ အလှကုန်ပစ္စည်း၊ အစားအသောက်ရောင်းချနေသော ဆိုင်များသို့ အသိပညာပေးဟောပြော”

Powered by Drupal

        ပြင်ဦးလွင်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနမှ စက်တင်ဘာလ(၉)ရက်နေ့တွင် ပြင်ဦးလွင်မြို့၊ မြို့မဈေးကော်မတီရုံးခန်း၌ အစားအသောက်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန အဖွဲ့တို့နှင့်ပူးပေါင်းပြီး ဈေးအတွင်းရှိ အလှကုန်ပစ္စည်းရောင်းချနေသော လုပ်ငန်းရှင်နှင့်တွေ့ဆုံပြီး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ တွေ့ဆုံပွဲတွင် အစားအသောက်ဆေးဝါး ကွပ်ကဲရေးဦးစီး ဌာန တိုင်းဒေသကြီးတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအေးငြိမ်းမြတ်မှ အလှကုန် ပစ္စည်းများ နှင့်ပတ်သက်၍ ဘေးအန္တရာယ်ကင်းရှင်းရေး ၊ အရည်အသွေးကောင်းမွန်ရေး ၊ အကျိုးအာနိသင်ကောင်းရရှိနိုင်သောအလှကုန်ပစ္စည်းများရွေးချယ်ရောင်းချစေရေး အချက်များအား ဆွေးနွေးခြင်း ၊ စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဦးသက်လွင်ထူးမှ အလှကုန်ပစ္စည်း ရောင်းချသည့်လုပ်ငန်းရှင် များအားမိမိတို့ရောင်းချသည့် ကုန်ပစ္စည်းများပေါ်တွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် ၏ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ကုန်စည်အုပ်စု အလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသားဖော်ပြရမည့် အသေးစိတ်အချက်အလက်များအား ပြည့်စုံစွာထည့်သွင်းဖော်ပြထားရန် လိုအပ်ကြောင်းနှင့် ကုန်ပစ္စည်းများအား Online မှတစ်ဆင့် ရောင်းချသည့်အခါ www.ecomreg.gov.mm Online Registration လျှောက်ထားဖို့ လိုအပ်ပါကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည် ။ ၄င်းအသိပညာပေး ဟောပြောဆွေးနွေးပွဲ အခမ်းအနားသို့ လုပ်ငန်းရှင်(၂၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)