Main menu

မန္တလေးတိုင်းဒေသကြီးမှ စက်တင်ဘာလတွင် ဆက်သွယ်ရေး(အင်တာနက်)ဝန်ဆောင်မှုအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများအသုံးပြုလျက်ရှိသည့်ကုန်စည်နှင့်ဝန်ဆောင်မှုများ အဆင်ပြေစေရန်အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား စစ်ဆေးရေးအရာရှိများအား ခန့်အပ်စစ်ဆေးဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ၈-၉-၂၀၂၅ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် ၃၇လမ်းနှင့်၆၄လမ်းကြား၊ချမ်းအေးသာစံမြို့နယ်ရှိ “Ocean Wave”အင်တာနက် ဝန်ဆောင် မှုလုပ်ငန်းအားစားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်မြင့်မာလာဝင်းဦးဆောင်သော စစ်ဆေးအရာရှိများနှင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (မန္တလေး ရုံးခွဲ)တို့ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးရာတွင် ယနေ့ခေတ်သည် ITခေတ် ဖြစ်သည့်အတွက် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ လိုင်စင်ရဆက်သွယ်ရေးအော်ပရေတာ(၁)ခုအား ဝန်ဆောင်မှုဈေးကွက်စောင့်ကြည့်ခြင်းဆောင်ရွက်ခဲ့ပါသည်။ စစ်ဆေးရာတွင် လုပ်ငန်းတစ်ခုချင်းစီအလိုက် သတင်းအချက်အလက်များအား စားသုံးသူပြည်သူများ သိရှိရန်အတွက် ဆိုရှယ်မီဒီယာများ၌ ဖော်ပြခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ဗွီနိုင်းများကပ်၍ ကြော်ငြာခြင်း၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိထား သည့် လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာများသို့ ညွှန်ကြားထားသည့်အချက်(၁၁)ချက်ကို အခြေခံ၍ စားသုံးသူများသို့ ဆက်သွယ်ရေး (အင်တာနက်) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ မှန်ကန်ရှင်းလင်းသည့် သတင်းအချက်အလက်များကို ကြိုတင်သတိပေးရန်နှင့် သတင်းအချက်အလက် ပေး ထားသည့်အတိုင်း တာဝန်ယူဆောင်ရွက်ပေးစေရန် အဓိကထားစစ်ဆေးခဲ့ပြီး လိုက်နာမှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေ၊ ဆက်သွယ်ရေးဥပဒေများဖြင့် အရေးယူသွားမည်ဖြစ်ကြောင်းကို အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)