
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်စီးမှူးရုံးမှ ဦးရန်နိုင် ထွန်း(အကြီးတန်းစာရေး)နှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဈေးစည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်းကာ(၉.၉.၂၀၂၅)ရက်နေ့၊ နံနက်(၁၀း၀၀) နာရီအချိန်တွင် ရန်ကင်းမြို့နယ်၊ (၆)ရပ်ကွက်၊ ဈေးလမ်း၊ ရန်ကင်းမြို့နယ်ရှိ စားသုံးဆီအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါ သည်။
အဆိုပါ တာဝန်ရှိသူများသည် ဈေးကွက်အတွင်း စားသုံးဆီရောင်းချသည့် ကိုယ်စားလှယ် များနှင့်တွေ့ဆုံပြီး သတ်မှတ်ဈေးနှုန်း ရေးဆွဲထားသည့် လက်လီ/လက်ကား ဈေးနှုန်းများ ရေးသား ထားသည့် Board / ဗီနိုင်း များအား နေ့စဉ်ချိတ်ဆွဲ ရောင်းချရန် ခွဲတမ်းရရှိသည့် ဆီပေပါများကို တဆင့်ပြန်လည်ခွဲဝေပေးမှုအခြေအနေ၊ ပြည်သူများထံအပြည့်အဝရောင်းချပေး ရန်နှင့် ဈေးကစားရန်အလို့ငှာ စားဆီများသိုလှောင်ထားခြင်း ရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး လိုက်နာမှုမရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် ဈေးကွက်အတွင်း ရောင်းချနေသော စားသုံးဆီအမျိုးမျိုးတို့တွင်လည်း စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာပါဝင်မှု ရှိ/မရှိကို ကွင်းဆင်းစစ်ဆေး၍ အသိပညာ ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)