Main menu

Online Sale လုပ်ငန်းရှင်များအား အသိပညာပေးခြင်းဆောင်ရွက်

Powered by Drupal

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့်လုပ်ငန်းများအား မြေပြင်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက် သည့်အပြင် အသိပညာပေးခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ (၂၇.၈.၂၀၂၅)ရက်နေ့၊  နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၃)ရပ်ကွက်၊ ဘိုကုန်းရပ်ရှိ ဝန်ထမ်းအိမ်ယာတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်သည့် လုပ်ငန်းရှင်(၆)ဦးအား အသိပညာပေးခြင်း များ ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးက Online Sale မှတ်ပုံတင် လက်မှတ်ရရှိသူ၏တာဝန်များ၊ အခွင့်အရေးများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းအကြောင်းများ၊ တိုင်ကြားခြင်းနှင့်စိစစ်ညှိနှိုင်းဖြေရှင်း ခြင်းအကြောင်းများ အသိပညာပေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

Doca(စစ်ကိုင်း)