Main menu

သာကေတမြို့နယ်အတွင်း စားအုန်းဆီ ရောင်းချမှုမြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

   ၅.၉.၂၀၂၅ ရက်နေ့၊ နံနက်(၁၁း၃၀)နာရီအချိန်ခန့်တွင်စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်နှင့် အရှေ့ပိုင်းခရိုင် ဦးစီးမှူးဦးဇော်မင်းလတ်နှင့် ဝန်ထမ်းများက ဦးဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှ ဦးအောင်သိန်း (အလုပ်အမှုဆောင်)နှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှုးများ၊ စားအုန်းဆီ ဝယ်ယူဖြန့်ဖြူးရောင်းချသည့်ကုမ္မဏီမှ တာဝန်ရှိသူများ လက်ကားကိုယ်စာလှယ်များ ၊ လက်လီကိုယ်စားလှယ်များနှင့် ရက်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ စားအုန်းဆီဖြန့်ဖြူး သည့် အိမ်ထောင်စုများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

          ထိုသို့ စစ်ဆေးရာတွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်က ဖြန့်ဖြူးသည့် ကုမ္မဏီအမည်၊ လက်ကားကိုယ်စားလှယ်၊ လက်လီကိုယ်စားလှယ်၊ ဖြန့်ဖြူးသည့်ရပ်ကွက်၊ ပိဿာ အရေအတွက်၊ အိမ်ထောင်စုဦးရေနှင့် တစ်လလျှင် (၁) အိမ်ထောင်စု စားအုန်းဆီ ရရှိမှု ပိဿာတို့ကို ကွင်းဆင်းစစ်ဆေးခြင်းနှင့် သိုလှောင်ခြင်း/ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန် အသိပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

          ဆက်လက်၍ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးက ဖြန့်ဖြူးသည့် ကုမ္မဏီများမှတဆင့် လက်ကားကိုယ်စားလှယ်၊ လက်လီကိုယ်စားလှယ်များက သတ်မှတ်ရည်ညွှန်းဈေးအပေါ် အမြတ် ၂ ရာခိုင်နှုန်းဖြင့် ရောင်းချမှုအခြေအနေနှင့်စပ်လျဉ်း၍ ဖြန့်ဖြူးသည့်ရပ်ကွက်၊ ပိဿာ အရေအတွက်၊ အိမ်ထောင်စုဦးရေနှင့် တစ်လလျှင်(၁)အိမ်ထောင်စု စားအုန်းဆီရရှိမှုပိဿာတို့ကို ကွင်းဆင်းစစ်ဆေးမှုပြုလုပ်ခဲ့ရာ ၁၀/တောင်(၁၂)ရပ်ကွက် အတွင်းရှိ အိမ်ထောင်စု(၃)စုအား မြေပြင်ကွင်းဆင်းဆင်းစစ်ဆေးခဲ့ပါသည်။ စားအုန်းဆီများအား Myanmar United Asia Service Co.ltd မှ ဖြန့်ဖြူးရောင်းချခြင်းဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)