Main menu

မြန်အောင်မြို့ပေါ်ရပ်ကွက်ရှိ ဆေးဆိုင်များတွင် တရားမဝင်ဆေးပစ္စည်းများ ဈေးကွက်အတွင်းရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၁၀.၉.၂၀၂၅) ရက်နေ့ နံနက်(၀၈:၃၀) နာရီအချိန်တွင် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးအဖွဲ့တို့နှင့် ပူးပေါင်း ၍ မြန်အောင်မြို့ပေါ်ရပ်ကွက်ရှိဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များတွင် တရားမဝင် ဆေးပစ္စည်း များ ဈေးကွက်အတွင်းရောင်းချမှုရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိ  ကွင်းဆင်း စစ်ဆေးခြင်း ကို ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းခဲ့ရာတွင် ပူးပေါင်းအဖွဲ့သည် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်း ရှင်းစေရန်အတွက် တရားဝင်ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော ဆေးပစ္စည်းများတင်သွင်းရောင်းချ နေခြင်းရှိ/မရှိ၊  အိမ်သုံးဆေးဝါးများ ဈေးကွက်အတွင်းပြတ်လပ်မှု ရှိ/မရှိ၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်မရှိသော အိမ်သုံးဆေးဝါးများ၊  အရည်အသွေးနှင့် စံချိန်စံညွှန်း စစ်ဆေးမှုခံယူထားခြင်း မရှိသည့် အာမခံချက်မရှိသော တရားမဝင်ဆေးဝါးများ ရောင်းချ ခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ မြန်အောင်မြို့ပေါ်ရှိ ဆေးဆိုင်များတွင် ဆေးဝါးပြတ်လပ်မှုမရှိကြောင်း၊ဈေးနှုန်း မြှင့်တင်ရောင်းချမှု မရှိကြောင်း စိစစ်တွေ့ရှိရပြီး၊ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင် (၅)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

EYDNS (DOCA ဧရာဝတီ)