Main menu

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ဝါးခယ်မနှင့် မြောင်းမြမြို့နယ်အတွင်း ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးပြီး e-ID စနစ်ဖြင့် Unique ID နံပါတ် တစ်ပါတည်းထုတ်ပေးဆောင်ရွက်နေမှု ကြည့်ရှုအားပေး

Powered by Drupal

       ပြည်ထောင်စုဝန်ကြီးသည် မြောင်းမြမြို့နယ်ဦးစီးမှူးရုံး၌ ဒေသခံပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေး ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် စိစစ်ဆောင်ရွက်ပေးနေမှုလုပ်ငန်းစဉ် အဆင့် ဆင့် ဆောင်ရွက်မှုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိပြီး သူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ် တစ်ပါတည်းဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ မြို့နယ်ရုံး အတွင်း ရုံးလက်ခံ နိုင်-၄ မှတ်တမ်းနှင့် အိမ်ထောင်စုလူဦးရေစာရင်းများပါ အချက်အလက်များအား ရုံးချုပ်ရှိ e-ID Server မှ အချက်အလက်များနှင့် Online စနစ်ဖြင့် တိုက်ဆိုင်စိစစ်ပြင်ဆင်အတည်ပြုခြင်း လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များကို တာဝန်ရှိသူများအား မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးပြီး မြောင်းမြခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးတို့အတွက် စားသောက်ဖွယ်ရာများကို တာဝန်ရှိသူများအား ထောက်ပံ့ပေးအပ်သည်။

     မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများအား မြောင်းမြမြို့ နယ်မြေခံတပ်နယ်အစည်းအဝေးခန်းမ၌ တွေ့ဆုံကာ ဒီဇင်ဘာလအတွင်းကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မကြာမီတင်သွင်းလာမည့် ပါတီအသီးသီးမှ ကိုယ်စားလှယ်လောင်းများ စိစစ်ခြင်းလုပ်ငန်းကိုလည်း သတ်မှတ်ချိန်အမီ စိစစ်ပြန်ကြားနိုင်ရေးနှင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဝန်ထမ်းများအနေဖြင့် ဆက်စပ်ဌာနများနှင့် ပူးပေါင်းကာ စည်းလုံးညီညွတ်စွာဖြင့် ကျရာကဏ္ဍမှ တာဝန်ကျေပွန်အောင် ထမ်းဆောင်နိုင်ရေးအခြေအနေများနှင့်စပ်လျဉ်း၍ အကျယ်တဝင့်ရှင်းလင်းမှာကြားပြီး ဝန်ထမ်းများ၏ လုပ်ငန်းဆိုင်ရာတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

    (DOCA)ဧရာဝတီ