
(၁၁.၉.၂၀၂၅) ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်တွင် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ရှိ အ.မ.က ရှမ်းတန်းကျောင်းအတွင်းရှိ ကျောင်းသား/ကျောင်းသူ (၁၀၂) ဦးတို့အား မြို့နယ်ပြန်ဆက်၊ မြို့နယ်မီးသတ်အဖွဲ့များနှင့် အတူစားသုံးသူရေးရာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ငါးသိုင်းချောင်းမြို့နယ်ပြန်ဆက်မှ တာဝန်ခံသည် လူငယ်နှင့်စာရိတ္တ၊ လူကုန်ကူးမှုအကြောင်းသိကောင်းစရာများ၊ နယ်မြေမီးသတ်တာဝန်ခံ ဦးဝင်းနိုင်မှ မီးသတ်ဌာန၏ လုပ်ငန်းစဉ်များ၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူအခွင့်အရေးနှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သိမှတ်ဖွယ်ရာအကြောင်းအရာများ ဟောပြောခဲ့ကြောင်း သိရှိရပါသည်။
(DOCA)ဧရာဝတီ