Main menu

မတ္တရာမြို့နယ် ဓာတ်မြေဩဇာ(သွင်းအားစု)များ အရည်အသွေး စစ်ဆေးရန်အတွက် နမူနာ ရယူခြင်းဆောင်ရွက်

Powered by Drupal

          မန္တလေးတိုင်းသေကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်းနှင့် အကျုံးမဝင်သည့် မတ္တရာမြို့နယ် အတွင်းရှိတောင်သူများအား မိုးစပါးပန်းတိုင်းအထွက်တိုးရရှိရန် ဓာတ်မြေဩဇာ(သွင်းအားစု) ဖြန့်ဖြူးရောင်းချပွဲအခမ်းအနားကို  ၄-၉-၂၀၂၅ ရက်နေ့တွင် မတ္တရာမြို့နယ်လင်းမြွေချောင်းရွာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် မတ္တရာမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန   (ခေတ္တ) မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အောင်ထွန်းက  တောင်သူများ လိုအပ်နေသည့် ယူရီးယားနှင့် ကွန်ပေါင်း ဓာတ်မြေဩဇာ သွင်းအားစုများကို အချိန်မီရရှိရေး၊ အရည်အသွေးပြည့်မီစွာနှင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရေး မြို့နယ်ဓာတ်မြေဩဇာဝယ်ယူ ဖြန့်ဖြူးရာင်းချခြင်းလုပ်ငန်း ကြီးကြပ်ကော်မတီများဖွဲ့စည်းတာဝန်ပေးအပ်ခဲ့မှုအပေါ် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးပြီးအဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထိုနောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးနွယ်က ဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း (SOP) အား ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်မြတ်သီတာ၊ မြို့နယ် သမဝါယမဦးစီးဌာနမြို့နယ်ဦးစီးမှူးဒေါ်အေးအေးမြင့်နှင့်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ဝင်းမာတို့က လုပ်ငန်အစီမံများ လမ်းညွှန်ချက်များအပေါ်ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သတ်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး(ခေတ္တ) မြို့နယ်အုပ်ချုပ်ရေးမှူက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီးနောက် မတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက  ဓာတ်မြေဩဇာ(သွင်းအားစု)များ အရည်အသွေး စစ်ဆေးရန်အတွက် နမူနာရယူခြင်းဆောင်ရွက် ခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(မန္တလေး)