Main menu

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ဓာတ်မြေဩဇာ(သွင်းအားစု)တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

Powered by Drupal

         နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်းနှင့် အကျုံးမဝင်သည့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိတောင်သူများအား မိုးစပါးပန်းတိုင်းအထွက်တိုးရရှိရန် ဓာတ်မြေဩဇာ(သွင်းအားစု) တိုက်ရိုက် ဖြန့်ဖြူးရောင်းချပေးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၃၀.၈.၂၀၂၅ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများ၊ သက်ဆိုင်ရာဌာနများနှင့် ကုမ္ပဏီများ တာဝန်ရှိသူများ တက်ရောက်ကျပါသည်။ ပထမဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တောင်သူများလိုအပ်နေသည့် ယူရီးယားနှင့် ကွန်ပေါင်း ဓာတ်မြေဩဇာ သွင်းအားစုများကို အချိန်မီရရှိရေး၊ အရည်အသွေးပြည့်မီစွာနှင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရေး တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် ဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရာင်းချခြင်း လုပ်ငန်းကြီးကြပ် ကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ပြီးဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထိုနောက်တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူးက ဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း (SOP)အား ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြောင်း၊ တိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးဌာန၊ တိုင်းဦးစီးမှူးနှင့် ဆက်စပ်ဌာနများမှ တာဝန်ရှိသူများက လုပ်ငန်အစီမံများ၊ ကုမ္ပဏီများမှ တာဝန်ရှိသူများက လမ်းညွှန်ချက်များအပေါ်ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သတ်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)