
၁၀.၉.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ကျော်မင်း၊ မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည် သထုံမြို့၊ သုဓမ္မဝတီမြို့သစ် ဘားအံကားလမ်းမပေါ်ရှိ (Good Day) သောက်ရေသန့်လုပ်ငန်းသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် (Good Day) သောက်ရေသန့်လုပ်ငန်းရှင်အား မိမိတို့ထုတ်လုပ် သော ကုန်စည်များအပေါ် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ် (၂/၂၀၁၉) နှင့်အညီ ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန် သော သောက်ရေသန့်များကိုသာ ထုတ်လုပ်ရောင်းချနေကြောင်း သိရှိရပါသည်။
DOCA (မွန်)