Main menu

ချောင်းဆုံမြို့နယ်တာဝန်ခံသည် ဆန်စက်များနှင့် ဆန်၊ စပါးသိုလှောင်ရုံများအား MyRo တွင် မှတ်ပုံတင်သက်တမ်းတိုးဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး

Powered by Drupal

   ၁၀.၉.၂၀၂၅ ရက်နေ့ မွန်းလွဲ (၁၅း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ‌မော်လမြိုင်ခရိုင်၊ ခရိုင်ဦးစီးမှူး ‌ဒေါ်ဝါဝါမြိုင်၊ သတင်းအချက်အလက် နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံ ‌ဒေါ်မိုးမိုးနှင့် ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးတို့သည် ဆန်စက်များနှင့် ဆန်၊ စပါးသိုလှောင်ရုံများအား MyRo တွင် မှတ်ပုံတင်သက်တမ်းတိုးရန် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ချောင်းဆုံမြို့နယ်၊ ကုလားတို့ကျေးရွာရှိ “ကြည်မိုးဟိန်း” ဆန်စက်အားကွင်းဆင်းခဲ့ရာ MyRo တွင် မှတ်ပုံတင်သက်တမ်းတိုး ဆောင်ရွက် နိုင်ရေး၊ ဆန်၊ စပါး ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် စာရင်းအား လစဥ်ပုံမှန်ဖြည့်သွင်း နိုင်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး ဆန်စပါး သိုလှောင်ထားရှိမှု အခြေအနေ၊ ဆန်ကြိတ်ခွဲနိုင် စွမ်းအား၊ စျေးကွက်/စျေးနှုန်း အခြေအနေ၊ ဆန်စပါးရောင်းဝယ် ဖောက်ကားမှု အခြေ အနေများအား ဆွေးနွေးမေးမြန်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)