Main menu

ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး Smart Water (သောက်ရေသန့်) လုပ်ငန်းအားကွင်းဆင်းစိစစ်

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံး(အောင်ပန်း)မှ ခရိုင်ဦးစီးမှူး ဦးမြင့်နိုင် (ဦးစီးအရာရှိ)သည်( ၉-၉-၂၀၂၅ ) နံနက် (၁၀:၀၀) နာရီအချိန်တွင် သလဲအုပ်စု၊ ရွာတော်ကျေးရွာ၊ ပင်းတယလမ်း၊ ကလောမြို့နယ်ရှိ Smart Water(သောက်ရေသန့်)လုပ်ငန်းအား ကုန်အညွှန်းအမှတ် အသား ပြည့်စုံစွာ ပါရှိစေရေး (Pre Market)ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်း များ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ဦးစီးမှူး ဦးမြင့်နိုင် မှ ကုန်စည် နှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှု ရှိ/မရှိ၊ သက်ဆိုင်ရာဌာန ထောက်ခံချက် ရှိ/မရှိ တို့အား စစ် ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်း နှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(က)၊ (ခ)၊ (ဂ) နှင့် (ဇ)တို့ပါအချက်အလက်များကို ပြည့်စုံစွာ ဖော်ပြရမည်ဖြစ်ပြီး ကုန်စည်အမျိုးအစား အလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား အထူးအလေးထား လိုက်နာဆောင်ရွက် ရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)