Main menu

ဘားအံမြို့ရှိ အမှတ်(၆) ရပ်ကွက်တွင် အွန်လိုင်းစနစ်ဖြင့်မှတ်ပုံတင်ထားသောလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးရန်ပိုင်ဖြိုး နှင့် ဝန်ထမ်းများသည် (၅-၉-၂၀၂၅) ရက် ၊ နေ့လယ် (၁၄:၀၀) နာရီအချိန် တွင် ဘားအံမြို့ရှိ  အမှတ်(၆) ရပ်ကွက်အတွင်း Baes Bee နာမည်ဖြင့် အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ထားသောလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အမှတ် (၂၉/က)၊ အ.ထ.က (၄) ကျောင်းလမ်း၊ အမှတ်(၆) ရပ်ကွက်၊ ဘားအံမြို့၊ လိပ်စာပါအတိုင်း Baes Bee နာမည်ဖြင့် မြေပြင်ပေါ်တွင် အမှန်တကယ် ရှိ/မရှိ နှင့် ရောင်းချသည့် ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ၊ အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ် ပစ္စည်းများ အမှန်တကယ်ရှိ/မရှိ သွားရောက်စစ်ဆေးခဲ့ရာ မြေပြင်ပေါ်တွင်  ဖော်ပြပါလိပ်စာနှင့် ကုန်ပစ္စည်းများအတိုင်း  မှန်ကန်မှုရှိကြောင်း စိစစ်တွေ့ရှိရသည်။ ဆက်လက်၍ စားသုံးသူရေးရာ ဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်စုနွေး သီရိမောင်မှ ဆိုင်ပိုင်ရှင်အား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရမည့် အချက်(၁၇)ချက် အားမေးမြန်းဆောင်ရွက်ခြင်းနှင့် ကုန်ပစ္စည်းများအား လိုက်လံစစ်ဆေးဆောင်ရွက် ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)