Main menu

စားသုံးဆီ(ဘူးဆီ) အမျိုးမျိုးရောင်းချသည့် ဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် ဝန်ခံနှင့် ဝန်ထမ်းတို့သည် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊စက်တင်ဘာလ (၉) ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးဆီ(ဘူးဆီ) အမျိုးမျိုး ရောင်းချသည့် ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့မဈေးအတွင်း ရောင်းချနေသည့် ဘူးသွင်းဆီများ ဖြစ်သော Meizan နေကြာဆီ၊ Lotus ဟင်းသီးဟင်းရွက်ဆီ၊ Duck ဟင်းရွက်ဆီ၊ အမေထွား ပဲဆီဘူးများတွင် FDA ထောက်ခံချက်များနှင့် ကုန်အညွှန်းအမှတ်အသား များကို စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈) ပုဒ်မ (၄၁) ခွဲအရ  ဖော်ပြထားရှိပြီး ရောင်းချနေကြောင်း ကွင်းဆင်းစစ်ဆေးမှုအရ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)