
စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်ယဉ်ယဉ်ထွန်းသည် (၁၀.၉.၂၀၂၅)ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ မြန်အောင် မြို့မနေခြည်ဈေးအတွင်းရှိ ကြိုးကြာဆန်ဆိုင်နှင် မြနန်းနွယ်ဆန်ဆိုင်များအား မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် MRF မှ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းအပေါ် မြှင့်တင်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းရာတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRFမှ လအလိုက်ထုတ်ပြန်ပေးသော သင့်တင့်မျှတသည့် ဈေးကွက်ဈေးနှုန်းဖြင့် ဆန်များဖြန့်ဖြူးရောင်းချနိုင်ရေးကို ကြော်ငြာချက်ပါ ဆန် ဈေးနှုန်းထက်ကျော်လွန်ရောင်းချမှုမရှိကြောင်း၊ ဈေးကွက်အတွင်းရောင်းချနေသော ဆန်အမျိုး အစား အလိုက် ဆန်ဈေးနှုန်းများမှာသတ်မှတ်ရည်ညွှန်းဈေးများအတိုင်း ရောင်းချလျက်ရှိပြီး ဈေးနှုန်းတည်ငြိမ် လျက်ရှိကြောင်း၊ မသမာသောနည်းလမ်းဖြင့် ဆန်ကြမ်းများ၊ ဆန်ကွဲများရောနှောရောင်းချ ခြင်းမရှိ ကြောင်း စိစစ်တွေ့ရှိရပြီး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA( ဧရာဝတီ)