
စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးမင်းမင်းစိုး (ဌာ နခွဲစာရေး)သည် (၈.၉.၂၀၂၅)ရက်နေ့တွင် မင်္ဂလာတောင်ညွန်မြို့နယ်၊ ရွှေပြည်စုံဈေးရှိ သစ်ခွဆေးဆိုင်နှင့် KK ဆိုင်များသို့သွားရောက်၍ ဆေးဆိုင်အတွင်းရှိဆေးဝါးများ အခြေအနေအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့စစ်ဆေးမေးမြန်းရာတွင် လူသုံးများသောဆေးဝါးများနှင့် ရောင်းချနေသော ဆေးဝါးများ၏ဈေးနှုန်းများ အတက်အကျရှိ/ မရှိ၊ ယခင်လဈေးနှုန်း၊ ယခုလဈေးနှုန်းများ၏ဈေးနှုန်း ကွာခြားမှုရှိ/ မရှိ၊ ဈေးကွက်များအတွင်း ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုရှိ/ မရှိတို့ကိုကိုစစ်ဆေးခဲ့ပြီး ဆေးဝါးများကို အမြတ်ရာခိုင်နှုန်းများစွာတင်၍ ရောင်းချခြင်းမပြုလုပ်ဘဲ ဈေးနှုန်းမှန်ကန်စွာရောင်းချကြရန်နှင့် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA (ရန်ကုန်)