
(၈.၉.၂၀၂၅)ရက်နေ့၊ နံနက် (၀၉း၂၀) နာရီအချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော်(ရုံးအုပ်)နှင့် ဝန်ထမ်းများသည် ဝန်ဆောင်မှုကဏ္ဍ (၃) ရပ်နှင့်စပ်လျဉ်း၍ ဦးစားပေးစစ်ဆေးရမည့် ဆက်သွယ်ရေးဝန်ဆောင်မှု၊ (အင်တာနက်) ဝန်ဆောင်မှုဆိုင်ရာကဏ္ဍအား အမှတ်(၁၉)၊ ဝေဇယန္တာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ဖွင့်လှစ်ထားသော Golden THM Telecom Co.Ltd နှင့် MARGA GLOBAL TELECOM အင်တာနက်ဝန်ဆောင်မှုများအား စားသုံးသူများနစ်နာမှုမရှိစေရေးအတွက် သိသည့်သိထိုက်သည့် အချက်အလက်များအား အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ဆောင်ရွက်ရာတွင်ဒေါ်အေးအေးမော်(ရုံးအုပ်)မှ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားထားသည့် အချက်(၁၁)ချက်အပေါ်အခြေခံ၍ စစ်ဆေးခဲ့ရာ အဆိုပါလုပ်ငန်းသည် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၃)ရှိ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးရသည့် လုပ်ငန်းဖြစ်ကြောင်း၊ မည်သည့်လုပ်ငန်းရှင်မဆို စားသုံးသူပေါ် ဝန်ဆောင်မှုပေးခြင်းနှင့်ပတ်သက် သည့်အချက်(၅)ချက်ကိုလိုက်နာရမည်ဖြစ်ကြောင်းနှင့် ဥပဒေအခန်း (၁၇)တွင် စားသုံးသူသည် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို အသုံးပြုခြင်းကြောင်း နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက စီးပွားရေးလုပ်ငန်းရှင်ထံမှာသာ တာဝန်ရှိကြောင်းတို့အား ရှင်းလင်းအသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)