Main menu

ကျိုက်လတ်မြို့နယ် Wilmar ပေါင်းဆန်စက်ရုံတွင် (MI TS) အဖွဲ့ဖြင့် ကွင်းဆင်းစိစစ်ခြင်း

Powered by Drupal

  ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ်သည် စပါးအား အဓိကထား စိုက်ပျိုးထုတ်လုပ်ပြီး အခြားတိုင်းဒေသကြီးများသို့ ဆန်/စပါး တင်ပို့ရောင်းချခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၉) ရက်၊ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် Wilmar ပေါင်းဆန်စက်ရုံသို့ ပို့ကုန်လိုင်စင် လျှောက်ထားရန်နှင့် ဆန်နှင့် ဆန်ထွက်ပစ္စည်း သိုလှောင်ထားရှိမှု အခြေအနေနှင့် ပိုင်ပုံလွှာ တင်စီစစ်ဆေးမှု အခြေအနေကို ကုန်သွယ်ရေး ဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ သိုလှောင်ရုံ တာဝန်ခံ (MI Ts) စစ်ဆေးရေးမှူး အဖွဲ့က စစ်ဆေးခဲ့ပါသည်။

   သိုလှောင်ရုံသည် FDI ကုမ္ပဏီ ဖြစ်ပြီး ကုမ္ပဏီပိုင် သိုလှောင်ရုံ အတွင်း၌ စစ်ဆေးခဲ့ပါကြောင်း စစ်ဆေးရာတွင် ပေါင်းဆန်ကုန်ချော (၅) မတ် ဆန် (၆၃.၅%) ၊ RC (၄၄၅) နှင့် (၇၀၀) တန်တို့ကို ပိုင်ပုံလွှာ ထပ်စီမှုတို့ကို စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)