Main menu

ရေကြည်မြို့နယ်၌ ဆန်စက်များ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

  ရေကြည်မြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်း စစ်ဆေးခြင်းကို(၃.၉.၂၀၂၅) ရက်နေ့၊ နံနက်ပိုင်းတွင်ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရေကြည်မြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးစိုးနိုင်နှင့် တပ်ဖွဲ့ဝင်များက ဆန်စက်များ မီးဘေးလုံခြုံရေးအတွက် ပတ်ဝန်းကျင်ရှိ လောင်စာအမှိုက်များ ရှင်းလင်းထားရန်၊ ခွင့်ပြု ချက်မရှိဘဲ လောင်စာဆီသိုလှောင်ခြင်း၊ ရောင်းချခြင်းမပြုရန်၊ မီးကြွင်းမီးကျန်မီး ဘေးလုံခြုံရေးအတွက် ရေပုံး၊ သဲပုံး၊ မီးချိတ်၊ မီးကပ်များ၊ မီးသတ်ဆေးဘူးများထားရှိရန်၊ ပေါက်ပြဲနေသော လျှပ်စစ်ဝါယာကြိုး များ အသုံးမပြုရန်၊ မီးကြွင်းမီးကျန်ဂရုပြုရန်၊ အရေးပေါ်ဖုန်းနံပါတ်များမှတ်သားထားရန် မီးလောင်မှု ဖြစ်ပွားပါက အချိန်မီ မီးငြိမ်းသတ်နိုင်ရေးအတွက် ဆန်စက်လုပ်သားများအား လက်တွေ့မီးငြိမ်းသတ် ခြင်းများ သရုပ်ပြပြုလုပ်ပေးပြီး မီးဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)