Main menu

၁၀/တောင်(၁၂)ရပ်ကွက်အတွင်း စားအုန်းဆီဖြန့်ဖြူးခဲ့သည့် အိမ်ထောင်စုများသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          ၅.၉.၂၀၂၅ ရက်နေ့၊ နေ့လယ်(၁၃း၃၀) နာရီအချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်နှင့် အရှေ့ပိုင်းခရိုင်ဦးစီးမှူးဦးဇော်မင်းလတ်နှင့် ဝန်ထမ်းများကဦးဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှ ဦးအောင်သိန်း (အလုပ်အမှုဆောင်)နှင့် တာဝန်ရှိသူများ၊သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှုးများ၊ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချသည့်ကုမ္မဏီမှ တာဝန်ရှိသူများ လက်ကားကိုယ်စားလှယ်များ၊ လက်လီ ကိုယ်စားလှယ်များနှင့် ရက်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ စားအုန်းဆီဖြန့်ဖြူး သည့်အိမ်ထောင်စုများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ စစ်ဆေးရာတွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်က ဖြန့်ဖြူးသည့်ကုမ္မဏီများမှတဆင့် လက်ကားကိုယ်စားလှယ်၊ လက်လီကိုယ်စားလှယ်များအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးအပေါ် ၂ ရာခိုင်နှုန်းဖြင့်ရောင်းချမှုအခြေအနေတို့ကို ဖြန့်ဖြူးသည့်ရပ်ကွက်၊ ပိဿာအရေအတွက်၊ အိမ်ထောင်စုဦးရေနှင့် တစ်လလျှင်(၁)အိမ်ထောင်စု စားအုန်းဆီရရှိမှုပိဿာတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ ၁၀/တောင်(၁၂)ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု(၃)စုအားမြေပြင်ကွင်း ဆင်းစစ်ဆေးခဲ့ပြီး  Myanmar United Asia Service Co.ltd မှ ဖြန့်ဖြူးရောင်းချခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)