Main menu

“ ခရမ်းမြို့နယ်စည်ပင်သာယာမြို့မဈေးရှိ အလှကုန်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ”

Powered by Drupal

           ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်းရှိ အလှကုန်ပစ္စည်း ရောင်းချသောဆိုင်များရှိ အလှကုန်ပစ္စည်းများတွင် သုံးစွဲသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသော ကုန်ပစ္စည်းများ ရရှိသုံးစွဲနိုင်စေရန်ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဈေးတာဝန်ခံတို့ ပူးပေါင်း၍ စက်တင်ဘာလ(၅)ရက်နေ့၊ နေ့လယ်(၁၄:၃၀)နာရီအချိန်တွင် စည်ပင်သာယာဈေးရှိ အလှကုန်ဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)တွင် ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ အလှကုန်ပစ္စည်းအမျိုးမျိုး (၁၀)ဂရမ် အထက်တွင် ဖော်ပြထားခြင်းရှိ/ မရှိနှင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များပါရှိခြင်းရှိ/ မရှိတို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြပြီး မြို့နယ်တာဝန်ခံက ဆိုင်ရှင်များအား မိမိတို့ဆိုင်တွင် ရောင်းချနေသော ကုန်စည်များတွင် စားသုံးသူများ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိပြီး ကုန်စည်၏ သတင်းအချက်အလက်ပြည့်စုံစွာပါဝင်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အလှကုန်ပစ္စည်းများအား ရောင်းချခြင်းဖြင့် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန် ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြရန် အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)