
(၄.၉.၂၀၂၅) ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် စည်ပင်သာယာရေးအဖွဲ့ ဈေးအရာရှိများနှင့် အတူ အောင်ဧရာဈေးရှိ ကြက်သားရောင်းချသော ဒေါ်လှလှမော် ကြက်သားဆိုင်သို့ ကြက်သားဈေးအား ကွင်းဆင်းစုံစမ်းခဲ့ရာ (CP) ကြက် အကောင်လိုက် တစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်၊ (CP) ကြက် ပေါင်ပိုင်း တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်၊ (CP) ကြက် ရင်ပုံ တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်နှင့် ဗမာ ကြက်ဈေးနှုန်းမှာ အကောင်လိုက် တစ်ပိဿာလျှင် (၃၀၀၀၀) ကျပ်၊ ခုတ်သား တစ်ပိဿာလျှင် (၃၅၀၀၀)ကျပ် ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
(DOCA)ဧရာဝတီ