
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့ နေ့လယ် (၁၃:၀၀)အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်အတွင်းရှိ နိဗ္ဗာန်၊ ရိုးကြီး ၊ အင်းဝင်း၊ အင်္ဂပိုလ်၊ တလုတ္ထော်စသည့် ကျေးရွာများတွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးရိတ်သိမ်းနေမှုအပေါ် အထွက်နှုန်း၊ အကျိုးအမြတ်ရရှိမှု၊ ကုန်သည်ဝယ်ယူမှု အခြေအနေနှင့် ပတ်သတ်၍ ဟင်္သာတခရိုင် /မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ၊ ခရိုင်/မြို့နယ် စိုက်ပျိုးရေးဌာနဦးစီးမှူးနှင့် အဖွဲ့ဝင်များ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမိုးကျော် တို့ပူးပေါင်း၍ ကွင်းဆင်းလေ့လာခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ဟင်္သာတမြို့နယ်တွင် ဆင်းသုခ၊ မနောသုခ၊ GW-11 ၊ ရွှေသွယ်လေး ၊မှော်ဘီ ၃ ၊ ရက်(၉၀)၊ ရွှေဧရာ၊ ပခန်း စသောမျိုးများကို အဓိကစိုက်ပျိုးကြပါသည်။ ၂၀၂၅ ခုနှစ် မေလ နောက်ဆုံးပတ်က စိုက်ပျိုးသော မိုးစပါးများသည် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ပထမပတ်တွင် စတင်ထွက်ရှိပြီး အထွက် နှုန်းအနေဖြင့် တစ်ဧကလျှင် (၅၅)ပေါင် (၈၀)တင်း ပျှမ်းမျှ ထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ၉ သိန်းခွဲ ဝန်းကျင်ဖြင့်သာ ရောင်းချရပြီး ကုန်သည်များမှ ကွင်းအရောက်ဝယ်ယူကြောင်း၊ တစ်ဧက ရင်းနှီးမြှပ်နှံ ထားမှု အပေါ် အကျိုးအမြတ် အနေဖြင့် ၂ သိန်းခွဲ ဝန်းကျင် ကျန်ရှိကြောင်း တောင်သူများထံမှ သိရှိရ ပါသည်။
(DOCA ဧရာဝတီ)