Main menu

MyRO တွင်မှတ်ပုံတင်ထားသည့် တစ်နှစ်ပြည့် သိုလှောင်ရုံများ သက်တမ်းတိုးလာရောက်လျှောက်ထားမှုအား အသိပညာပေးခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရီုင်ဦးစီးမှူးရုံး မအူပင်မြို့နယ်တွင် လက်ရှိအချိန်ထိ (MyRO)တွင် မှတ်ပုံတင်ထားသော ဆန်သိုလှောင်ရုံ အလုံး (၃၆)ရှိပြီး ၂၀၂၅ခုနှစ် စက်တင်ဘာလအတွင်း (MyRO)မှတ်ပုံတင်ထားသော ဆန်သိုလှောင်ရုံများသည် တစ်နှစ်ပြည့် မြောက်ပြီးသည့်အတွက် ခရိုင်ဦးစီးမှူးရုံးသို့ သက်တမ်းတိုးဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်များအား မအူပင်ခရိုင်ဦးစီးမှူးရုံးသို့ လာရောက်မေးမြန်းဆောင်ရွက်လျက်ရှိ၍ အသိပညာပေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

    မအူပင်မြို့နယ် ရေလဲလမ်းမပေါ်ရှိ တစ်နှစ်သက်တမ်းပြည်မြောက်သော ဆန်စက်/သိုလှောင် ရုံးလုပ်ငန်း ရှင်များက (MyRO)မှတ်ပုံတင်ထားသော ဆန်သိုလှောင်ရုံများသည် တစ်နှစ်ပြည့် မြောက်ပြီးသည့်အတွက် ခရိုင်ဦးစီးမှူးရုံးသို့ သက်တမ်းတိုးဆောင်ရွက်နိုင်ရေးလုပ်ငန်းစဉ်များအား လာ ရောက်မေးမြန်းဆောင်ရွက် လျက်ရှိရာ မအူပင်ခရိုင် ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက သတ်တမ်းတိုး လျှောက်ထားရာတွင် လုပ်ငန်း အဆင့်ဆင့်ကို ကိုယ်တိုင်ပြုလုပ်နိုင်ရန် အသိပညာပေးခဲ့ပြီး သက်တမ်းတိုးလုပ်ငန်းရှင်များက လစဉ်လ ဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံ များ၏ ကုန်ရ/ ကုန်ထုတ်/ကုန်လက်ကျန် အခြေအနေများအား ထည့်သွင်းပေးရန် ရှင်းလင်းဆွေးနွေး၍ မှတ်ပုံတင် သက်တမ်းတိုးခြင်းအား ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)