Main menu

ဇီးဖြူကျွန်း ကျေးရွာ အုပ်စုတွင် စားအုန်းဆီရောင်းချမှုအခြေအနေများကို ကွင်းဆင်း ကြပ်မတ်စစ်ဆေး

Powered by Drupal

     ၇.၉.၂၀၂၅ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်က ညောင်တုန်းမြို့နယ် ဇီးဖြူကျွန်းကျေးရွာအုပ်စုရှိ အိမ်ထောင်စူ (၆၈၀) ပြည်သူများအား စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့်ရောင်းချနမှုကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် ကုန်ဈေးနှုန်း တည်ငြိမ်ရေး အဖွဲ့တို့နှင့်အတူ ကွင်းဆင်စစ်ဆေးခဲ့ကြသည်။

  ကွင်းဆင်းစစ်ဆေးရာတွင် ညောင်တုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနက ဦးအောင်လွင် ဦးစီးမှူးက  ဆီရောင်းချသူ ဇီးဖြူကျွန်း ဆီကိုယ်စားလှယ် ရောင်းချရာတွင် ရောင်းချဆီပိဿာ  ၃၈၆ပိဿာ၊ ဈေးနှုန်း ၆၈၈၀ ကျပ် သတ်မှတ်ရည်ညွှန်းဈေး တို့ဖြင့် အိမ်ထောင်စုတစုလျှင်(၅၀)ကျပ်သားနှုန်းဖြင့်ရောင်းချမှုအားနေမှုကို သတ်မှတ်ချက်များအတိုင်း လိုက်နာမှုရှိစေရေးကို ကြပ်မတ်ဆော်ငရွက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)