Main menu

မအူပင်ခရိုင် အငြိမ်းစား ပင်စင်စား ဝန်ထမ်းများနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့ ရင်းနှီးဖော်ရွေစွာ တွေ့ဆုံခြင်း

Powered by Drupal

      ၁-၉-၂၀၂၅ ရက်နေ့ နံနက် ၁၀နာရီအချိန်က မအူပင်ခရိုင်ဦးစီးမှူး ရုံးတွင် မအူပင်ခရိုင် အငြိမ်းစား ပင်စင်စားဝန်ထမ်းများဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်တို့ ရင်းနှီးဖော်ရွေစွာ ဖိတ်ကြားတွေ့ဆုံခဲ့ကြသည်။

          တွေ့ဆုံရာတွင် ညွှန်ကြားရေးမှူးချုပ်မှ အငြိမ်းစားဝန်ထမ်းများအား ယခုလို တွေ့ဆုံရခြင်းအား ဝမ်းမြောက်ပါကြောင်း၊ ကျန်းမာရေးဂရုစိုက်နေထိုင်ကြရန်၊ တာဝန်ထမ်းဆောင်စဉ်က ဝန်ထမ်းများတာဝန်ကျေ ပျွန်စွာ ထမ်းဆောင်မှုများကို ဂုဏ်ပြုပါကြောင်း၊ တစ်ခါတရံမှ တွေ့ဆုံရခြင်းဖြစ်၍ အထူးပင် ဝမ်းမြောက်ပါ ကြောင်း၊ တစ်ဦးခြင်း လက်ဆွဲနှုတ်ဆက်၍ အငြိမ်းစား ဝန်ထမ်းများထဲမှ ဝန်ထမ်းငယ်များ လျှောက်ထားရန် ရှိပါက ဌာန အလုပ်ခေါ်စာအချိန်တွင် လာရောက် လျှောက်ထားနိုင်ပါကြောင်း မှာကြားတွေ့ဆုံ ပြီးလျှင် အမှတ်တရ ဓါတ်ပုံမှတ်တမ်းတင်ပြီးလျှင်  ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့ သည် ဖျာပုံခရိုင်သို့ ဆက်လက်ထွက်ခွာသွားကြောင်းသိရပါသည်။

DOCA(ဧရာဝတီ)