Main menu

ပခုက္ကူမြို့ပေါ်ရှိ ဆေးဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံ နှင့် ဝန်ထမ်းသည် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိသော ဆေးနှင့် ဆေးဝါးများကို ဝယ်ယူသုံးစွဲနိုင်ရန် ရည်ရွယ်၍ (..၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် အစားအသောက်နှင့်ဆေးဝါးကွက်ကဲရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ပခုက္ကူမြို့ပေါ်ရှိ ဆေးဆိုင် များတွင် ဆေးဝါးအတုများ၊ စံမညီဆေးဝါးများ၊ သက်တမ်းလွန် ဆေးဝါးများ ရောင်းချခြင်းရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် သက်တမ်းလွန်နှင့် တရားမဝင် ဆေးဝါးများ ရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆေးဆိုင်ပိုင်ရှင်များအား တရားဝင်တင်သွင်းထားသော ဆေးဝါးများကိုသာ ရောင်းချရန်နှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထား သည့်ညွှန်ကြားချက်အမှတ် (/၂၀၁၉)နှင့် အညီပြည့်စုံစွာ ဖော်ပြထားရှိသော ကုန်စည်များကိုသာ ရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)