
စားသုံးသူရေးရာဦးစီးဌာန ၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု ဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင် ဦးဆောင်၍ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းဥက္ကဌ၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ စားအုန်းဆီ လက်ကားရောင်းချသည့် ကိုယ်စားလှယ်များ၊ လက်လီ ကိုယ်စားလှယ်များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ (၂၈.၈.၂၀၂၅)ရက်နေ့မှစတင်ပြီး စားအုန်းဆီ ဝယ်ယူခွင့် ကဒ်(အသစ်)များ လဲလှယ်ထုတ်ပေးလျက်ရှိပါသည်။
ထိုသို့ ဆီကဒ်အသစ်များ လဲလှယ်ပေးရာတွင် ပခုက္ကူမြို့ အမှတ်(၁)ရပ်ကွက်မှ အမှတ်(၁၅)ရပ်ကွက်ထိ ရပ်ကွက်ပေါင်း(၁၅)ခု အတွင်းရှိ အိမ်ထောင်စုများအား စားအုန်းဆီ ဝယ်ယူခွင့်ကဒ်များ လဲလှယ်ပေးလျက်ရှိကြောင်း၊ လက်ရှိ ဆီထုတ်ယူနေသော ကဒ်ပြား (အဟောင်း)နှင့် အိမ်ထောင်စုမူရင်း ပါရှိမှသာ လဲလှယ်ပေးကြောင်း၊ အမှန်တကယ် စားအုန်း ဆီတစ်ကြိမ်မျှ မရရှိသေးသော အိမ်ထောင်စုများကိုလည်း စိစစ်ရွေးချယ်၍ ကဒ်အသစ်များ လဲလှယ်ပေးကြောင်း၊ အိမ်ထောင်စုစာရင်း မိတ္တူကိုလည်းရယူထားကြောင်း၊ ဆီကဒ် အသစ်များ လဲလှယ်ပြီးနောက် စားအုန်းဆီကို တစ်ခါတည်း သတ်မှတ်ရည်ညွှန်း ဈေးဖြင့် အိမ်ထောင်စု တစ်ခုလျှင် (၂)ပိဿာနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း ပခုက္ကူ မြို့ပေါ်ရှိ ပြည်သူများမှာ စားအုန်းဆီကို သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဝယ်ယူရရှိသောကြောင့် မိသားစု စီးပွားရေး တဖက်တလမ်းမှ အဆင်ပြေကြောင်း သိရှိရပါသည်။
DOCA(မကွေး)