
စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်၊ကုန်စည်များဘေးအန္တရာယ်ကင်းရှင်းပြီးထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက်
ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)သည် ၁၁.၉.၂၀၂၅ ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ အေးမြသာယာရပ်ကွက်ရှိကိတ်နှင့်မုန့်မျိုးစုံထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းရှင်(၂)ဦးနှင့်တွေ့ဆုံ၍ အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့အသိပညာပေးဆောင်ရွက်ခဲ့ရာတွင်ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)ကလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်နှင့်တာဝန်များ၊ ကုန်အညွှန်း အမှတ်အသား၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးချက်ပေးရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအစားအသောက်များ ကုန်စည်အုပ်စုတွင်ပါဝင်သည့် အသင့်စားမုန့်အမျိုးမျိုးတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ် အသားဖော်ပြရမည့်အချက်များ၊စီးပွားရေးလုပ်ငန်းရှင်အနေဖြင့်သက်ဆိုင်ရာဌာနများ၏ထောက်ခံချက်များ ပြည့်စုံမှုရှိပြီးကုန်အညွှန်းအမှတ်အသားများဖော်ပြရာတွင်ကိုက်ညီမှုရှိမရှိအားစားသုံးသူရေးရာဦးစီးဌာန တွင်တင်ပြလျှောက်ထားရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ကိုက်ညီကြောင်းပြန်ကြားစာ ရရှိပြီးမှသာ ဈေးကွက်သို့တင်ပို့ရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ ပြစ်မှု ပြစ်ဒဏ်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။
DOCA(ကချင်)
