Main menu

ရေတာရှည်မြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေးဦးစီးဌာန၊ခရိုင်ဦးစီးမှူးဦးဇော်ဇော်လတ်၏ ညှိနှိုင်းဆောင်ရွက် ချက်အရ စက်တင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့မဈေးနှင့် မြို့ပေါ်ရှိ ဆေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ခဲ့သည်။

          ပူးပေါင်းအဖွဲ့သည် ရေတာရှည်မြို့မဈေးအတွင်း ရောင်းချလျှက်ရှိသော အစားအသောက်များနှင့် အလှကုန်ပစ္စည်းများတွင် ခွင့်မပြု ဓါတုဆေးများ ပါဝင်မှုရှိ/မရှိ နှင့် ရက်လွန်/မလွန်တို့ကိုလည်းကောင်း၊ ဆေးဆိုင်များ၌ ရောင်းချလျှက်ရှိသော ဆေးဝါးများတွင် တရားမဝင်ဆေးဝါးများနှင့် ရက်လွန်ဆေးဝါးများ ပါဝင်မှုရှိ/မရှိကိုလည်းကောင်း စောင့်ကြည့်စစ်ဆေးပြီး အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေးဦးစီး ဌာနက အစားအသောက်များနှင့် အလှကုန်ပစ္စည်းများကို နမူနာ ကောက်ယူခဲ့ပါသည်။

          ဈေးကွက်စောင့်ကြည့်စစ်ဆေးစဉ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် ကုန်အညွှန်း အမှတ်အသားများကို သတ်မှတ်ချက်နှင့်အညီ ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန်အသိပညာပေးဟောပြောခဲ့ကြောင်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးရာသို့ ရေတာရှည်မြို့နယ် ပြည်သူ့ကျန်းမာရေး၊ မြို့နယ်စည်ပင်၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် စားသုံးသူရေးရာ တာဝန်ခံစသည့် ပူးပေါင်းအဖွဲ့ဖြင့် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)