
စားသုံးသူရေးရာဦးစီးဌာန ၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၁.၉.၂၀၂၅)ရက်နေ့ ၊နံနက် (၀၉:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ လေးမျက်နှာမြို့ ခတ္တူကျေးရွာရှိ ကျေးလက် ပြည်သူများထံ ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ရောင်းချပေးနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း
ကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးခဲ့ရာတွင်လေးမျက်နှာမြို့နယ်အတွင်းစားအုန်းဆီဖြန့်ဖြူးရောင်းချမှုနှင့်ပတ်သက်၍ သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချခြင်း၊ ပြည်သူများလက်ဝယ်သို့ အမှန်တစ်ကယ်ရောက်ရှိ ခြင်း စစ်ဆေးခဲ့ပြီး၊ ထိုသို့ရောင်းချရာတွင်လည်း အဆင့်အလိုက်(၂)% အမြတ်ထက်ကျော်လွန်၍ ရောင်းချမှု မရှိ ကြောင်း၊ ရောင်းချမှုလက်ခံ ဘောက်ချာများထားရှိခြင်း၊ သတ်မှတ်ရည်ညွှန်း ဈေးဖြင့်သာ ရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှု မရှိခြင်းနှင့် ဈေးကစားရန် ရည်ရွယ် ပြီး သိုလှောင်ထားခြင်းများ မရှိကြောင်း ၊ ဆီဝယ်ယူခွင့် စာအုပ်များဖြင့် ပြည်သူများထံ ဖြန့်ဖြူး ရောင်း ချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)