Main menu

ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ (၂.၉.၂၀၂၅)နေ့ နေ့လည် (၁၃:၀၀) နာရီ အချိန်တွင် ကြံခင်းမြို့၊ မင်းသီရိ(၁) မြို့မရပ်ကွက်ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျောင်းသား /သူ များအား လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက အစားအသောက်များတွင် ပါဝင် သော ဓါတုဆိုးဆေး၏ဆိုးကျိုးများအကြောင်း၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းဖော်ပြထားခြင်း မရှိ သော အစားအသောက်များနှင့် လူသုံးကုန်ပစ္စည်းများ ဝယ်ယူအသုံးပြုရာတွင် သတိပြုလိုက်နာ ဆောင် ရွက်ရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါစားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့်နစ်နာ ဆုံးရှုံးမှုများဖြစ်ပေါ်လာပါကပြောဆို တင်ပြတိုင်ကြားခွင့်နှင့်ပြန်လည်ကုစားနိုင်ခွင့်များအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ မြို့နယ်ဦးစီးမှူးက စာပေ၏ အကျိုးကျေးဇူးများ အကြောင်း၊မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူးက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးသိကောင်းစရာ များအကြောင်းအားလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ပြီး နေ့လည်(၁၅:၀၀) အချိန်တွင် ဟောပြောပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)