Main menu

မုဒုံမြို့နယ်တာဝန်ခံသည် စားအုန်းဆီလက်လီရောင်းချနေသော လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

     ၄.၉.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မြို့နယ်တာဝန်ခံရုံး၌ စားအုန်းဆီလက်လီရောင်းချနေသော လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

     ထိုသို့ တွေ့ဆုံရာတွင် စားအုန်းဆီများလက်လီရောင်းချနေသော လုပ်ငန်းရှင်များအား မြို့နယ်တာဝန်ခံမှ စားအုန်းဆီများကို သတ်မှတ်ဈေးနှုန်းအတိုင်းသာ ရောင်းချရန်၊ သတ်မှတ်ထားသည့်နေရာတွင် ရောင်းချရန်၊ သတ်မှတ်ထားသည့်နေ့ရက်အချိန်မှန်ကန်ရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်နှင့် အလေးချိန်ပြည့်မီစွာရောင်းချစေရေး၊ ခွဲတမ်းရရှိထားသော စားအုန်းဆီများကို ခွဲတမ်းအတိုင်းရောင်းချစေရေးတို့အား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)