Main menu

Mytel Telecom International Myanmar Co.,Ltd. ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းအား စောင့်ကြည့်စစ်ဆေး

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဦးဆောင်၍ ခရိုင်ရုံးဝန်ထမ်း(၂)ဦးသည် မြို့နယ်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(၂၇)ရက်နေ့တွင် စစ်ကိုင်းမြို့၊ စိန်ကုန်းရပ်ကွက်ရှိ Mytel Telecom International Myanmar Co.,Ltd. ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းအား စောင့်ကြည့်စစ်ဆေးခဲ့ ပါသည်။

          Mytel Telecom International Myanmar Co.,Ltd. ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းအား ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့် လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာများ သို့ ညွှန်ကြားထားသည့် အချက်(၁၁)ချက်အပေါ် အခြေခံ၍ စစ်ဆေးခဲ့ရာ အချက်(၁၁)ချက်အပေါ် စီစဉ်ဆောင်ရွက်ထားသည်ကို စိစစ်တွေ့ရှိရပါသည်။ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက အရည်အသွေးပြည့်မီသော အင်တာနက်ဝန်ဆောင်မှုများ ဆောင်ရွက်ပေးရန်၊ အင်တာနက်ဝန်ဆောင်မှု များနှင့် ပတ်သက်၍ လိုအပ်သော သတင်းအချက်အလက်မျာကို စားသုံးသူထံ  ပြည့်စုံမှန်ကန်စွာနှင့် ရှင်းလင်းစွာ ကြိုတင်အသိပေးခြင်းမျာ ဆောင်ရွက်ပေးရန်၊ အင်တာနက်ဝန်ဆောင်မှုများနှင့်ပတ်သက်ပြီး စားသုံးသူစိတ်ကျေနပ်မှုမရှိ၍ တိုင်ကြားမှုအများဆုံး ဖြစ်ပေါ်လာသည့်အတွက် စားသုံးသူစိတ်ကျေနပ် မှုရှိပြီး စားသုံးအခွင့်အရေးအပြည့်အဝရရှိအောင် Mytel Telecom International Myanmar Co.,Ltd. အနေဖြင့် ဆောင်ရွက်ပေးစေလိုကြောင်း အသိပညာပေးခဲ့ပြီး  စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း (၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက် ပေးခြင်းဆိုင်ရာ အချက်အလက်များကို ‌ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)