Main menu

“ရွှေကြိုးကြာ” စားသောက်ကုန်လုပ်ငန်းသို့ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေး

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဦးဆောင်၍ ခရိုင်ရုံးဝန်ထမ်း(၂)ဦးသည် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(၂၇)ရက်နေ့တွင် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ “ရွှေကြိုးကြာ” စားသောက်ကုန် လုပ်ငန်းသို ကွင်းဆင်း၍   ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ စောင့်ကြည့်စစ်ဆေးရာတွင် “ရွှေကြိုးကြာ” စားသောက်ကုန်လုပ်ငန်းမှ ထုတ်လုပ်သည့် “999”အမှတ်တံဆိပ် ဂျုံခေါက်ဆွဲ(၃၀၀)ဂရမ် ကုန်စည်အမျိုးအစားအား စစ်ဆေးခဲ့သည်။ “999” အမှတ်တံဆိပ် ဂျုံခေါက်ဆွဲ(၃၀၀)ဂရမ် အထုပ်များပေါ်တွင် အမှတ်တံဆိပ်၊ အမျိုးအမည်၊ အသားတင် အလေးချိန်၊ သုံးစွဲမှုအညွှန်း၊ ထားသိုပုံအညွှန်း၊ ဓာတ်မတည့်မှုသတိပေးချက်များးအား မြန်မာဘာသာ ဖြင့် ပြည့်စုံစွာဖော်ပြထား၍ (၂/၂၀၁၉)ညွှန်ကြားချက်နှင့်အညီ ကိုက်ညီမှုရှိကြောင်း စိစစ်တွေ့ရှိရသည်။     ‌စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန် ထားသည့် (၂/၂၀၁၉) ညွှန်ကြားချက်ပါ အသေးစိတ်အချက်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း (၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက် များကို ‌ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)