Main menu

ကမ္ဘောဒီးယားနှင့် ဂျပန်တို့သည် ရင်းနှီးမြှုပ်နှံမှု ဆက်ဆံမှု တိုးချဲ့ရန် သဘောတူညီခဲ့ကြ

Powered by Drupal

      ကမ္ဘောဒီးယားနှင့် ဂျပန်နိုင်ငံတို့သည် ကမ္ဘောဒီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) ၏ ရုံးတွင် ၃-၉-၂၀၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် အကြိမ် ၃၀ မြောက် ကမ္ဘောဒီးယား-ဂျပန် ပူးတွဲကော်မတီ၏ အစည်းအဝေးအပြီးတွင် စီးပွားရေးဆက်ဆံမှု အားကောင်းလာစေရန်နှင့် ရင်းနှီးမြှုပ်နှံမှုအခြေအနေမြှင့်တင်ရန် ကတိကဝတ်ပြုခဲ့ကြသည်။ အဆိုပါ အစည်းအဝေးကို CDC ၏ ဒုတိယ ဥက္ကဋ္ဌ Sun Chanthol   နှင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုင်ရာဂျပန်သံအမတ် Ueno Atsushi တို့ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြပြီး ဝန်ကြီး ဌာနများမှ တာဝန်ရှိသူများ၊ အဖွဲ့အစည်းများ၊ ကမ္ဘောဒီးယားနိုင်ငံရှိ ဂျပန်စီးပွားရေးအသင်း (JBAC)၊ JETRO၊ JICA၊ AMEICC နှင့် ဂျပန်ကုမ္ပဏီများမှ ကိုယ်စားလှယ် ၂၀၀ ကျော် တက်ရောက်ခဲ့ကြသည်။ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေး သဘောတူညီချက် မူဘောင်အောက်တွင် တည်ထောင်ထားသည့် ပူးပေါင်းကော်မတီသည် ကမ္ဘောဒီးယားအစိုးရနှင့် ဂျပန်ရင်းနှီးမြှုပ်နှံသူများကြား တိုက်ရိုက်တွေ့ဆုံဆွေးနွေးရေးတို့ကို ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ အစည်းအဝေးတွင် အကောက်ခွန်၊ ထောက်ပံ့ပို့ဆောင်ရေး၊ စွမ်းအင်၊ ကုန်သွယ်မှု၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းများ၊ အလုပ်သမားနှင့် လုံခြုံရေး၊ အဓိကစီးပွားရေး စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ ဒုတိယ ဥက္ကဋ္ဌ Sun Chanthol   က ဂျပန်ကိုယ်စားလှယ်အဖွဲ့အား ကြိုဆိုခဲ့ပြီး ဂျပန်ရင်းနှီးမြှုပ်နှံသူများ ပြသခဲ့သည့် ယုံကြည်မှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။  သံအမတ်ကြီး Atsushi က ကမ္ဘောဒီးယား ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ဂျပန်နိုင်ငံ၏ ဆက်လက်ပံ့ပိုးကူညီမှုကို အလေးပေးပြောကြားခဲ့ပြီး ကမ္ဘောဒီးယားအစိုးရ၏ ရင်းနှီးမြှုပ်နှံသူများအပေါ် တုံ့ပြန် ဆောင်ရွက်မှုအတွက် ကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့သည်။ ရင်းနှီးမြှပ်နှံမှုမြှင့်တင်ရေးအစီအစဉ် များကို တိုးချဲ့ဆောင်ရွက်ရန် နှစ်ဖက်သဘောတူခဲ့ကြပြီး Chanthol က ကမ္ဘောဒီးယား၏ ရင်းနှီးမြှုပ်နှံမှု မက်လုံးများနှင့် အခွင့်အလမ်းများကို ပိုမိုကျယ်ပြန့်သော ဂျပန်စီးပွားရေးလုပ်ငန်းစုများကြားတွင် ကျယ်ကျယ်ပြန့်ပြန့်သိရှိလာစေရန် ဂျပန်သံရုံးအား ကမ္ဘောဒီးယားအစိုးရနှင့် လက်တွဲဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

DOCA (ရန်ကုန်)