
(၃.၉.၂၀၂၅)ရက်နေ့၊နံနက်(၁၀:၀၀)အချိန်တွင်ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦး စီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော်(စစ်ဆေးရေးအရာရှိ)နှင့်ဝန်ထမ်းများသည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဈေးရှိ အလှကုန် ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့်ရေးသားဖော်ပြထားခြင်း ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အလှကုန်ပစ္စည်းများ (၁၀)ဂရမ်အထက် အလှကုန်များတွင် မြန်မာလိုမဖြစ်မနေဖော်ပြရမည့် အမျိုးအမည်၊ အသားတင်ပမာဏ၊ ကြိုတင် သတိပေးချက်၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ပါရှိရမှာ ဖြစ်ပြီး (၁၀) ဂရမ်အောက် အလှကုန်များတွင် အမျိုးအမည်၊ အသားတင်ပမာဏ၊ ဓာတ်မတည့် ကြောင်း ဖော်ပြချက် တို့ဖော်ပြထားခြင်းရှိ/မရှိတို့ကို စစ်ဆေးခြင်းနှင့် ရေးသားဖော်ပြထားခြင်း မရှိသော အလှကုန်များကို စစ်ဆေးတွေ့ရှိပါကဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးခဲ့ ကြောင်းသိရှိရပါသည်။
DOCA (ရန်ကုန်)