တစ်စက္ကန့်ကို ၁ ကီလိုမီတာအမြန်နှုန်းနဲ့ အားသွင်းနိုင်စေမယ့် Changan ရဲ့ Nevo A06 တရုတ် နိုင်ငံမှ မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီ တစ်ခုဖြစ်တဲ့ Changan က သူတို့ရဲ့နောက်ဆုံးပေါ် ဆီဒင်ကားတစ်မျိုးဖြစ်တဲ့ Nevo A06 ကို တရားဝင်ထုတ်ဖော်မိတ်ဆက်လိုက်ပါပြီ။ သူက ဘက်ထရီ-လျှပ်စစ်စွမ်းအင်သုံးယာဉ် (BEV)နဲ့ ခရီးဝေးသွားလျှပ်စစ်စွမ်းအင်သုံးယာဉ် (EREV)ဆိုပြီး အမျိုး အစားနှစ်မျိုးနဲ့ ထွက်ရှိလာတာပါ။ ဘယ်လိုအမျိုးအစားမဆိုဖြစ်စေ သူတို့သုံးထားတဲ့ အခြေခံနည်း ပညာက အဆင့်မြင့် 6C ဘက်ထရီ ဖြစ်ပြီး အဲဒီနည်းပညာကြောင့် ကားကိုအားသွင်းရာမှာ အလွန်လျင်မြန်လှတဲ့နှုန်းနဲ့ အားသွင်း နိုင်မှာဖြစ်ပါတယ်။ နှုန်းကတော့ တစ်စက္ကန့်ကို ၁ ကီလိုမီတာ နှုန်းနဲ့ပါ။ ဒါဟာ ဆီဒင်ကားတွေထဲမှာ အားသွင်းအမြန်ဆုံးနှုန်း ဖြစ်ပါတယ်။ ဝယ်ယူသူတွေအနေနဲ့ BEV အမျိုးအစားထဲမှာ ဘက်ထရီပါဝင်မှု ပမာဏသုံးမျိုးထဲကမှ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ စွမ်းရည်အမြင့်ဆုံးရွေးချယ်မှုကတော့ မိုင်ပေါင်း ၃၉၁ မိုင်အထိသွားနိုင်စေမှာဖြစ်ပါတယ်။ EREV အမျိုးအစားယာဉ်မှာ လျှပ်စစ်စွမ်းအင်ကို အသုံးပြုထားတဲ့အပြင် မြင်းကောင်ရေ ၉၇ ကောင်အား ရှိတဲ့ အင်ဂျင်တစ်လုံးကိုပါ တပ်ဆင်ပေးထားပါတယ်။ သူက လျှပ်စစ်စွမ်းအင်သီးသန့်နဲ့တင် ၁၁၂ မိုင်သွားနိုင်မှာပါ။
Source: ကိုထက်
Doca(ပြည်ထောင်စုနယ်မြေ)