
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၅ ရက်နေ့၊ နေ့လည် ၁း၃၀ နာရီအချိန်၌ MyRo တွင် မှတ်ပုံတင်ထား ရှိသည့် ဆန်စပါးသိုလှောင်ရုံများ၏ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများအား ဖြည့်သွင်းနိုင် ရေးအတွက် ညှိနှိုင်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါသည်။
ထိုဆွေးနွေးပွဲတွင် ဦးစီးအရာရှိဒေါ်အေးအေးလွင်မှ MyRo တွင် မှတ်ပုံတင်ထား ရှိသည့် ဆန် စပါးသိုလှောင်ရုံများ၏ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများအား လစဉ် ၁ ရက်နေ့မှ ၇ ရက်နေ့အတွင်း ဖြည့်သွင်းနိုင်ရေးပြောကြားခြင်း၊ အကြီးတန်းစာရေးဦးထက်အောင်လှိုင်မှ တက် ရောက်လာသည့်သိုလှောင်ရုံပိုင်ရှင်များထဲမှ MyRo တွင် ကုန်ရ ၊ ကုန်ထုတ် ၊ ကုန်လက်ကျန်စာရင်း မဖြည့်သွင်းရသေးသည့်သူများအား စာရင်းများဖြည့်သွင်းပြခြင်းနှင့် သိုရုံပိုင်ရှင်များမှ အပြန်အလှန် ဆွေးနွေးခြင်းများပြုလုပ်ခဲ့ပါသည်။
DOCA(တနင်္သာရီ)