Main menu

မြန်မာနိုင်ငံဒူးရင်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့(တနင်္သာရီတိုင်းဒေသကြီး) ဖွဲ့စည်းနိုင်ရေးအတွက် ထားဝယ် ၊ မြိတ် ၊ ကော့သောင်း ၊ ဘုတ်ပြင်းခရိုင်ဒူးရင်းအစုအဖွဲ့ ဖွဲ့စည်းခြင်းနှင့် အကြိုညှိနှိုင်းဆောင်ရွက်ခြင်းပြုလုပ်

Powered by Drupal

  ၂၀၂၅  ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့၊ နံနက် (၁၃း၀၀) နာရီအချိန်တွင်တိုင်းဒေသကြီး စိုက်ပျိုးရေးအစည်းအ‌ဝေးခန်းမပြုလုပ်သော မြန်မာနိုင်ငံဒူးရင်း စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့ (တနင်္သာရီတိုင်းဒေသကြီး) ဖွဲ့စည်းနိုင်ရေးအတွက် ထားဝယ် ၊ မြိတ် ၊ ကော့သောင်း ၊ ဘုတ်ပြင်းခရိုင် ဒူးရင်းအစုအဖွဲ့ဖွဲ့စည်းခြင်း နှင့်အကြိုညှိနှိုင်းဆောင်ရွက်ခြင်းသို့ တိုင်းဒေသကြီးဦးစီး မှူး  ဦးစိုးဦးမှ တက်ရောက်ခဲ့ပါသည်။

          ထိုအစည်းအဝေးတွင် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနတိုင်းဒေသကြီးဦးစီးမှူးနှင့် စားသုံး သူရေးရာဦးစီးဌာနမှတိုင်းဒေသကြီးဦးစီးမှူးတို့က  အသင်းအဖွဲ့ဖွဲ့စည်းခြင်း၏ ရည်ရွက်ချက်၊ ကောင်း ကျိုးများနှင့် အသင်းအဖွဲ့စည်းမျဉ်းစည်းကမ်းများအားရှင်းလင်းဆွေးနွေးခြင်း  ဆက်လက်၍ ထားဝယ်၊  မြိတ် ၊ ကော့သောင်း ၊ ဘုတ်ပြင်းခရိုင်ဒူးရင်းအစုအဖွဲ့အသင်းသား ရွေးချယ်ခြင်းများပြုလုပ်ခဲ့ကြောင်း  သိရှိရပါသည်။

DOCA(နေပြည်တော်)