Main menu

ပေါင်မြို့နယ် (အ.ထ.က) ဆင်ဖြူရပ်ကျောင်း၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းပြုလုပ်

Powered by Drupal

     ၂.၉.၂၀၂၅ ရက်နေ့တွင် ပေါင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ပေါင်မြို့နယ် (အ.ထ.က) ဆင်ဖြူရပ် ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

    ရှေ့ဦးစွာ လူငယ်စကားဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက လူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များပေါ်ထွက်လာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်စကားဝိုင်းများ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည်များ တိုးတက်လာပြီး အသင်းအဖွဲ့များတွင် ပါဝင်လုပ်ဆောင်ဆွေးနွေးတတ် သည့်အလေ့အကျင့်များ၊ ကိုယ်ရည်ကိုယ်သွေးများနှင့် နှုတ်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ယင်းနောက် လူငယ် စကားဝိုင်းကိုကျင်းပရာ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး က အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ပြီး (အ.ထ.က) ဆင်ဖြူရပ်ကျောင်းမှ ကျောင်းသား/‌ကျောင်းသူများက အသီးသီးဆွေးနွေးခဲ့ကြပြီး လူငယ် စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများ အပေါ်အခြေခံကာ မိမိတို့သိရှိလိုသည့် မေးခွန်းများကို မေးမြန်းရာ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး က ပြန်လည်ဖြေကြားပေးခဲ့ပြီး (အ.ထ.က)ဆင်ဖြူရပ်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းသီတာလွင်က ကျေးဇူးတင် စကား ပြောကြားခဲ့သည်။ ယနေ့ကျင်းပသော လူငယ်စကားဝိုင်းသို့ (အ.ထ.က) ဆင်ဖြူရပ် ကျောင်းမှ ဆရာ/ဆရာမများ အပါအဝင် ကျောင်းသား/ ကျောင်းသူ (၂၅၀) ဦးခန့် ပါဝင် တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA (မွန်)