
တောင်ကိုရီးယားနိုင်ငံသည် အမေရိကန်နိုင်ငံ၏ ကုန်သွယ်မှုတိုးမြင့်မှုကြောင့် ယခုနှစ်အတွက် ၎င်း၏ စီးပွားရေးတိုးတက်မှုအလားအလာခန့်မှန်းခြေကို လျော့ချလိုက်ရသဖြင့် သြဂုတ်လ ၂၂ ရက်နေ့တွင် ဉာဏ်ရည်တု (AI) နည်းပညာတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းကို ထိပ်သီးဦးစားပေးမူဝါဒအဖြစ် ချမှတ်လိုက်ကြောင်း သိရပါသည်။ ဘဏ္ဍာရေးဝန်ကြီးဌာနက အစိုးရသည် ၂၀၂၅ ခုနှစ် ဒုတိယနှစ်ဝက်တွင် AI နှင့် တီထွင်ရေးစီမံကိန်း ၃၀ ခုကို ဆောင်ရွက်ရန်စီစဥ်နေကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါ AI နည်းပညာများတွင် စက်ရုပ်များ၊ ကားများ၊ သင်္ဘောများ၊ အိမ်သုံးပစ္စည်းများ၊ ဒရုန်းများ၊ စက်ရုံသုံးပစ္စည်းများနှင့် ချစ်ပ်ဆက်များ ပါဝင်ကြောင်း သိရပါသည်။ အစိုးရသည် စီမံကိန်းများတွင် ဘဏ္ဍာရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ၊ အခွန်မက်လုံးများ၊ ထိန်းသိမ်းရန်ရင်းနှီးမြှုပ်နှံမှုများ ထည့်သွင်းရန်စီစဥ်နေပြီး၊ အစိုးရသည် ရန်ပုံငွေ ဝမ် ၁၀၀ ထရီလီယံ (အမေရိကန်ဒေါ်လာ ၇၁.၅၆ ဘီလီယံ) ခန့်ကို နည်းဗျူဟာမြောက် ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း သိရပါသည်။ အစိုးရက ချမှတ်လိုက်သော အဆိုပါ မူဝါဒသည် တောင်ကိုရီးယားနိုင်ငံအား AI စွမ်းအားတွင် ထိပ်သီး ၃ နိုင်ငံတွင် ပါဝင်စေရန်နှင့် စီးပွားရေးတိုးတက်မှုတွင် မြှင့်တင်ပေးရန် ရည်ရွယ်ကြောင်း သိရပါသည်။ တောင်ကိုရီးယားနိုင်ငံ သည် ဇူလိုင်လတွင် အမေရိကန်နိုင်ငံနှင့် အကောက်ခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံရာမှ ၁၅ ရာခိုင်နှုန်းသာ ကောက်ခံရန် သဘောတူညီမှုများရေးထိုးခဲ့ကြောင်း သိရပါသည်။ ၎င်းအစိုးရသည် ကုန်တင်ပို့မှုများအား ၀.၂ ရာခိုင်နှုန်းမြင့်တက်ရင် မျှော်မှန်းခဲ့ပြီး ၂၀၂၆ ခုနှစ်တွင် ၀.၅ ရာခိုင်နှုန်း ကျဆင်းမည်ဟု ခန့်မှန်းခဲ့ကြောင်း သိရပါသည်။ တောင်ကိုရီးယားနိုင်ငံ သမ္မတ Lee Jae Myung သည် တောင်ကိုရီးယားနိုင်ငံအား ယခုလာမည့် နှစ်တွင် အစိုးရအသုံးစရိတ် မြှင့်တင်မည် ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
Source: CNA
DOCA (ရန်ကုန်)