Main menu

Google နှင့် ဒေါ်လာ ၁၀ ဘီလီယံတန်ကြေးရှိသော သဘောတူညီချက် ပြုလုပ်ခဲ့သည့် Meta ကုမ္ပဏီ

Powered by Drupal

             Meta ပလက်‌‌ဖောင်းသည် google ကုမ္ပဏီနှင့် ဒေါ်လာ ၁၀ ဘီလီယံတန်ကြေးရှိသော cloud ဝန်ဆောင်မှုများနှင့် ပတ်သက်သည့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ အဆိုပါသဘောတူညီမှုတွင် Meta သည် Google အားအသုံးပြု၍ cloud ၏ ဆာဗာ၊ storage၊ ကွန်ရက်နှင့် တစ်ခြားသော ဝန်ဆောင်မှုများကို အသုံးပြုသွားမည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါသတင်းသည် Meta ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Mark Zuckerberg ၏ အဆိုပါ ကုမ္ပဏီသည် များစွာသော AI ‌ဒေတာစင်တာများတည်ထောင်ရန်အတွက်‌ ဒေါ်လာ ဘီလီယံချီ သုံးစွဲသွားမည်ဟု ပြောကြားချက်အပြီးတွင်ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရပါ သည်။ အဆိုပါ ကုမ္ပဏီသည် ၎င်း၏ တစ်နှစ်တာအောက်ခြေ အသုံးစရိတ်ကို ၂ ဘီလီယံခန့်တိုးမြင့် ရန် ခန့်မှန်းထားပြီး ယခင်လတွင် ၎င်း၏ အသုံးစရိတ်ကို ၆၆ ဘီလီယံမှ ၇၂ ဘီလီယံ အထိ သတ်မှတ်ထားကြောင်း သိရပါသည်။ Meta သည် ဒေတာစင်တာတွင် ဒေါ်လာ ၂ ဘီလီယံခန့် ဖယ်ရှားခြင်းဖြင့် AI စွမ်းအား အသုံးပြုရန်အတွက် ကြီးမားသော အခြေခံအဆောက်အဦများတည် ဆောက်ရန် ရန်ပုံငွေများကို ပြင်ပကုမ္ပဏီများမှ ရှာဖွေလျက်ရှိကြောင်း ကုမ္ပဏီ၏ ထုတ်ဖော်ပြချက်များ အရသိရပါသည်။ ယခုလိုရှုပ်ထွေးသော သဘောတူညီမှုများကြားတွင် google ၏ cloud computing ယူနစ်များသည် ဒုတိယသုံးလပတ်ကာလတွင် ၃၂ ရာခိုင်နှုန်းခန့် မြင့်တက်လျက်ရှိကြောင်း သိရပါသည်။

Source: CNA 

DOCA (ရန်ကုန်)