Main menu

ကလေးအဟာရ ဖြည့်စွပ်စာ ကုန်စည်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦး နှင့် ဝန်ထမ်းများ (၃.၉.၂၀၂၅) ရက်နေ့ (၁၀၃၀)နာရီအချိန်က မအူပင်မြို့နယ် ကုန်မျိုးစုံအရောင်းဆိုင်၊ မုန့်မျိုးစုံအရောင်းဆိုင်၊ City Marth နှင့် ဈေးရုံ၊ ဈေးတန်းရှိ အလေးအဟာရမုန့် အရောင်း ဆိုင်သို့ သွားရောက်၍ ကုန်စည်ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အတွင်းရှိ စတိုးဆိုင်နှင့် ကုန်မျိုးစုံ၊ မုန့်မျိုးစုံအရောင်းဆိုင်များတွင် ရောင်းချသော ကလေးအဟာရမှုများသည် ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာဖော်ပြပါဝင်းခြင်းရှိ/မရှိကို စစ်ဆေးခဲ့ကြရာ ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်သော ကုန်စည်အချို့ကိုသာ ရောင်းချနေကြောင်း တွေ့ရှိရပါသည်။  ဆိုင်ရှင်းများကို စစ်ဆေးရေးတာဝန်ရှိသူနှင့် မိတ်ဖက်တာဝန်ရှိစစ်ဆေးသူများမှ ဌာနတို့၏ ခွင့်ပြုချက်၊ ထုတ်လုပ်မှုအမှတ်စဉ်နှင့်၊ ထောက်ခံချက်၊ ကုန်အညွှန်းဖော်ပြထားသော ကုန်စည်များကိုရောင်း ချကြပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးယူဆောင်ရွက်ခြင်းခံရမည်ဖြစ်ကြောင်းကို အသိပညာပေး ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)