Main menu

မအူပင်ခရိုင် စက်မှုလုပ်ငန်းသုံး စားအုန်းဆီ ခွဲတမ်းပေပါများကို စနစ်တကျထုတ်ယူဆောင်ရွက်

Powered by Drupal

  ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်သည် သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက် နံနက်(၀၈:၀၀)နာရီအချိန်တွင် မအူပင်မြို့နယ် ဆီကိုယ်စားလှယ်၏ ရန်ကုန်တိုင်းဒေသကြီးရှိ စားအုန်းဆီကုမ္ပဏီမှ ၃ခုမှ တဆင့် ပုသိမ်မြို့မှ စနစ်တကျခွဲဝေပြီး ဩဂုတ်လ၏  ၃ကြိမ် ခွဲတမ်းရရှိပြီး စုစုပေါင်း ခွဲတမ်းရစားသုံးဆီ(၅၀၈)ပေပါ ရောက်ရှိမှုအား သတ်မှတ်ရက်အတွက် ဆီရောက်ရှိမှုအပေါ် စိစစ်ကြပ်မတ် စစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များထံ ရောက်ရှိရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ် ဩဂုတ်လအတွက် မအူပင်ခရိုင်မှ စက်မှုလုပ်ငန်းအမျိုးအစားအလိုက် လုပ်ငန်းရှင် ၅၀၂ ဦးရှိပြီး ဩဂုတ်လအတွက် ရရှိရန် မအူပင်ခရိုင် ဆီလိုအပ်ချက် (၅၀၈)ပေပါအား စားသောက်ကုန်လုပ်ငန်းအတွက် ဆီ တန်အားဖြင့် ၉၁.၂၅ အား  ထုတ်ယူရရှိနိုင်ရန်တွက် ၁လအတွင်း သတ်မှတ်ရက်များတွင် ဆီပေပါများ ထုတ်ယူပြီး စတစ်တကျ သတ်မှတ်ရက်အတွင်း ငွေပေးသွင်း၍ လုပ်ငန်းရှင်များထံ ဆက်သွဘ်ဆောင်ရွက်ကာ စနစ်တကျလုပ်ငန်းအသုံးပြုနိုင်ရန် ကြပ်မတ်ဆောင်ရွက်ခဲ့ကြပြီး  လုပ်ငန်းရှင်များကိုလည်း လုပ်ငန်းအတွက် အမှန်တကယ်သုံးစွဲရေးနှင့် ပြန်လည်ရောင်းချခြင်း မပြုရန် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)