Main menu

၂၀၂၅ ခုနှစ်၏ ပထမ ၇ လတာကာလတွင် အဝတ်အထည်နှင့် အထည်အလိပ်တင်ပို့မှု ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည့် ဗီယက်နမ်

Powered by Drupal

          ၂၀၂၅ ခုနှစ်၏ ပထမ ၇ လတာကာလတွင် ဗီယက်နမ်သည် အဝတ်အထည်နှင့်အထည် အလိပ်တင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၂၆.၃၃ ဘီလီယံရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့် ကာလနှင့်နှိုင်းယှဉ်ပါက ၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ယခုနှစ်အတွက်ရည်မှန်း ချက် အမေရိကန်ဒေါ်လာ ၄၇-၄၈ ဘီလီယံရရှိရန်အတွက် ကဏ္ဍသည် လက်ကျန်လများတွင် လစဉ်အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော်တင်ပို့နိုင်ရန်လိုအပ်ကြောင်း သိရပါသည်။ သို့သော်အဓိကဈေးကွက်ဖြစ်သည့်အမေရိကန်သို့တင်ပို့မှုမှာ အကောက်ခွန် ၂၀ ရာခိုင်နှုန်းကျော် ကြောင့် အခြားယှဉ်ပြိုင်သူများနှင့် နှိုင်းယှဉ်ပါက အခွင့်အလမ်းမသာကြောင်း သိရပါသည်။ လုပ်ငန်းနယ်ပယ်မှသူများ၏အဆိုအရ လက်ကျန်လများသည် ရှုပ်ထွေးနိုင်ကြောင်း သိရပါသည်။ ရလဒ်အနေဖြင့် တည်ငြိမ်သောလုပ်သားထုကိုထိန်းသိမ်းခြင်းသည် အဓိကဦးစားပေးဖြစ်လာနိုင် ကြောင်း သိရပါသည်။ ကုမ္ပဏီများကိုလည်း ပြန်လည်ဆန်းစစ်ရန်နှင့် မှာယူမှုအသစ်များကို ထိရောက်စွာဖြည့်စည်းနိုင်ရန်အတွက် စက်များကိုအဆင့်မြှင့်တင်ရန်တိုက်တွန်းခဲ့ကြောင်း သိရပါ သည်။ ဗီယက်နမ်အမျိုးသားအဝတ်အထည်နှင့်အထည်အလိပ်အုပ်စု၏ဥက္ကဌဖြစ်သူ Le Tien Truong က လာမည့်လများတွင် အလုပ်အကိုင်များဖန်တီးပေးရန်နှင့် လုပ်သားများအတွက် ဝင်ငွေရရှိစေရန်အတွက် ထုတ်လုပ်မှုအစီအစဉ်များကို ဉာဏ်ပညာရှိစွာချိန်ညှိမှု၏ အ‌ရေးပါမှုကို အသားပေးပြောကြားခဲ့ကြောင်း သိရပါသည်။ စီးပွားရေးလုပ်ငန်းများအနေဖြင့် ယှည်ပြိုင်နိုင်စွမ်း ဆက်လက်ထိန်းသိန်းရန်အတွက် ကုန်ကျစရိတ် မြင့်တက်မှုကိုလျှော့ချခြင်းအားဖြင့် ပြောင်းလွယ် ပြင်လွယ်သောဘဏ္ဍာရေးစီမံခန့်ခွဲမှုမဟာဗျူဟာများကျင့်သုံးရန်နှင့် ယှဉ်ပြိုင်မှုမြင့်မားသော ဈေးကွက်ဝန်းကျင်တွင် မှာယူမှုများဆက်လက်ရရှိရန်အတွက် ဈေးနှုန်းများကိုချိန်ညှိရန်လိုအပ်ကြောင်း သိရပါသည်။ ထိုရည်မှန်းချက်များပြည့်မီရန်အတွက် လုပ်ငန်းများသည် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက် ၁၇ ခုအား အပြည့်အဝအခွင့်အရေးယူရန်လိုအပ်ကြောင်း သိရပါ သည်။ စီးပွားရေးလုပ်ငန်းများကိုလည်း ခေတ်မီစက်နှင့် စက်ပစ္စည်းများတွင် ရင်းနှီးမြှုပ်နှံရန်၊ လုပ်သားကျွမ်းကျင်မှုမြှင့်တင်ရန်နှင့် အစဉ်အလာလုပ်ငန်းစဉ်မှ ခေတ်မီလုပ်ငန်းစဉ်သို့ အသွင်ကူးပြောင်းရန် တိုက်တွန်းခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်အစိုးရကိုလည်း ခရက်ဒစ်၊ မြေနေရာ နှင့် အခြေခံအဆောက်အအုံတို့အပေါ် ပံ့ပိုးသည့်မူဝါဒများမိတ်ဆက်ပေးရန်၊ ခေတ်မီစက်မှုဇုန်များ တည်ထောင်ရန်၊ ရင်းနှီးမြှုပ်နှံမှုများဆွဲဆောင်ရန်နှင့်၊ တင်သွင်းသည့်ကုန်ကြမ်းပစ္စည်းများအပေါ် မီခိုမှုကိုလျှော့ချရန် တောင်းဆိုခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်အဝတ်အထည်နှင့် အသုံး အဆောင်အသင်း၏ဥက္ကဌဖြစ်သူ Vu Duc Giang က အစဉ်အလာဈေးကွက်များကိုကာကွယ် ရန်နှင့် မိတ်ဖက်သစ်များရှာဖွေရန်အရေးပါမှုနှင့် စီးပွားရေးလုပ်ငန်းတစ်ခုခြင်းစီသည်  ထောက်ပံ့မှုကွင်း ဆက်ချိတ်ဆက်မှု အားကောင်းရန်လိုအပ်ကြောင်း အသားပေးပြောကြားခဲ့ကြောင်း သိရပါသည်။

Vietnam Plus

DOCA (ရန်ကုန်)