
ကမ္ဘာ့ဆဋ္ဌမမြောက် သရက်သီးအများဆုံးတင်ပို့သည့် ပါကစ္စတန်နိုင်ငံသည် အမျိုး ပေါင်း ၂၀၀ ကျော်ရှိသော်လည်း ၎င်း၏ကြွယ်ဝမှုကို ပို့ကုန်တိုးတက်မှုအဖြစ် ပြောင်းလဲရန် ရုန်းကန်နေရဆဲဖြစ်သည်။ လွန်ခဲ့သည့်နှစ်များအတွင်း နှစ်စဉ် သရက်သီးတန်ချိန် ၁.၂ သန်းခန့် ထွက်ရှိပြီး နိုင်ငံသည် ၎င်း၏ထွက်ကုန်၏ ၁၀ ရာခိုင်နှုန်းခန့်သာ တင်ပို့နေရဆဲဖြစ်သည်။ မြင့်မားသော ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် အရည်အသွေးမမီမှုများသည် တိုးတက်မှုကို အဟန့်အတားဖြစ်စေသည်။ Pakistan Horticulture Development & Export Board Manager Khawar Nadeem က ခေတ်မမီတော့သော လယ်ယာစိုက်ပျိုးရေး အလေ့ အကျင့် များကြောင့် သရက်သီးများ၏ ၃၀ ရာခိုင်နှုန်းအထိ စိုက်ပျိုးမြေများမှ စားသုံးသူများထံ သို့ ဆုံးရှုံးသွားကြောင်း ပြောကြားခဲ့သည်။ တစ်ဧကလျှင် အပင် ၄၀ မှ ၆၀ အကြားရှိသော သမားရိုးကျ ပါကစ္စတန်စိုက်ခင်းများနှင့် မတူဘဲ ဩစတေးလျနှင့် အီဂျစ်ကဲ့သို့ နိုင်ငံများသည် သိပ်သည်းဆမြင့်သောစိုက်ပျိုးမှု၊ သာလွန်ကောင်းမွန်သောအမြစ်များနှင့် ဖန်လုံအိမ် တည် ဆောက်မှုတို့ကို အသုံးပြုကာ တစ်ဧကလျှင် အပင် ၆၀၀ အထိ စိုက်ပျိုးကြသည်။ ခေတ်မီ နည်းပညာများနှင့် ဥယျာဉ်ခြံများအား ပိုမိုဆောင်ရွက်ပေးနိုင်ပါက အထွက်နှုန်း တိုးလာနိုင် ကြောင်း Nadeem က ဆိုသည်။ "ထို့အတွက်ကြောင့် ပိုးမွှားများ၊ ရောဂါများနှင့် ပိုးမွှားများ ညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာသော ပျိုးခင်းများ၏ အရည်အသွေးကျဆင်းမှုကို ထေမိရန် ဖန်လုံအိမ်များကဲ့သို့သော ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်မှုဆိုင်ရာ အဆောက်အအုံများ တည် ထောင်ခြင်းနှင့် မျိုးရိုးဗီဇဆိုင်ရာ အင်ဂျင်နီယာပညာများကို ပိုမိုအသုံးပြုရန် လိုအပ်လျှက်ရှိ သည်။ တစ်ချိန်တည်းတွင် ပါကစ္စတန်၏ မြေဆီလွှာအခြေအနေနှင့် ပိုမိုကောင်းမွန်၍ လိုက် လျောညီထွေရှိသော ပေါင်းတင်မျိုးကွဲများကို မိတ်ဆက်ပေးရန် လိုအပ်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။ လျှပ်စစ်၊ သဘာဝဓာတ်ငွေ့၊ မြေနှင့် မှတ်ပုံတင်ခများ မြင့်မားကြောင်း ထိုလုပ်ငန်းကို အမှန်တကယ် ဖြစ်ထွန်းစေလိုလျှင် မှတ်ပုံတင်သော လုပ်ငန်းစဉ်များအား ဖြေလျှော့သင့်ကြောင်း Bahauddin Zakariya တက္ကသိုလ် ဒုတိယအဓိပတိ ဒေါက်တာ Muhammad Zubair Iqbal က ကုန်ကျစရိတ်များနှင့် ပတ်သက်၍ ထောက်ပြခဲ့သည်။ "ပါကစ္စတန်၏ သရက်သီးကဏ္ဍသည် အမြတ် အစွန်းများသော အခွင့်အလမ်းများကို ဆုံးရှုံးခဲ့ ရပြီး အသီးအကြမ်းများအဖြစ်သာ အဓိကထား တင်ပို့နေရဆဲဖြစ်ကြောင်း၊ အချိုရည်ယူနစ်များ၊ အခြောက်ခံစက်ရုံများ၊ ထုပ်ပိုးမှုဆိုင်ရာ အဆောက်အအုံများနှင့် စက်မှုလုပ်ငန်းဆိုင်ရာ သင်တန်းများသည် မရှိမဖြစ်လိုအပ်ကြောင်းဆက်လက်ပြောကြားခဲ့သည်။ ကမ္ဘာ့သစ်သီးဝလံ စားသုံးမှုအများဆုံးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသည် ပါကစ္စတန်၏ ကြီးထွားမှုအလျင်မြန်ဆုံး ဈေးကွက်တစ်ခုအဖြစ် ပေါ်ထွက်လာခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံသို့ ပါကစ္စတန်၏ သရက်သီးတင်ပို့မှုသည် တန်ချိန် ၁၁၅၀၀၀ ကျော်ရှိပြီး ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ သန်း ၈၀ ရှိသည်။ တရုတ်နိုင်ငံဆိုင်ရာ ပါကစ္စတန် သံအမတ်ကြီး Khalil Hashmi က ငါးနှစ်အတွင်း တရုတ်နိုင်ငံသို့ တင်ပို့မှုနှစ်ဆတိုးရန် ရည်မှန်းထားကြောင်း China Economic Net သို့ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Source : Tribune
DOCA (ရန်ကုန်)